ကွကိုယ် ပြန်စဉ်းစားကြည့်လိုက်ရင် လိုချင်တာတွေ ရသွားတဲ့အခါ ပျော်တာက ခဏပဲ။ ရပြီးသွားတော့လည်း ဘဝကြီးက ထူးခြားပြီး ပိုပျော်ဖို့ကောင်းသွားတယ်ရယ်လို့ မရှိဘူး။ ပုံမှန်ပဲ။
Happiness is fleeting. တာရှည်မခံဘူး။
ပျော်ရဲ့လား မေးလိုက်လို့ အဖြေက “မပျော်နေဘူး” ဆိုရင် အဲဒါ ပုံမှန်ပါပဲ။ တစ်ချိန်လုံး ပျော်နေဖို့မှ မလိုတာ။
အဲဒီတော့ ဘဝမှာ ပျော်ဖို့ အရေးအကြီးဆုံးဆိုပြီး အဲဒီနောက်ကို လိုက်နေတာထက် စိတ်ကျေနပ်မှုနဲ့ စိတ်ငြိမ်းချမ်းမှု၊ အဲဒီနှစ်ခု ရှိနေဖို့ပဲ ပိုကြိုးစားချင်တယ်။
ဒီအကြောင်း စိတ်ဝင်စားရင် ဆရာတော် ဦးဇောတိကရဲ့ စာအုပ်တွေ ဖတ်ကြည့်စေချင်တယ်။ ဘယ်လိုစိတ်ထားရမလဲဆိုတာ အဲဒီစာအုပ်တွေထဲမှာ သင်ပေးထားတယ်။

