Attention လို့ပြောရင် ဘာကိုအရင်ဆုံး တွေးမိလဲ? Media Manager အနေနဲ့ လူတွေရဲ့ Attention ကို ဒေါ်လာသန်းချီပြီး ဝယ်ဖူးတယ် လူတွေရဲ့ Attention ကို Excel Sheet ထဲမှာ နံပါတ်တစ်ခုအနေနဲ့တွက်… Ad Network တွေ, Billboard တွေပေါ်မှာ စျေးအပေါဆုံးနဲ့ ရအောင်ဝယ်တာ

သူတို့ရဲ့ Attention (အာရုံစိုက်မှု) ရသွားတာနဲ့ သူတို့အတွေးတွေ, မှတ်ဉာဏ်တွေထဲမှာ Recognition & Recall ဖြစ်သွားအောင်ကြိုးစားတာ… အဲဒါ Media Manager ရဲ့အလုပ်ပဲ ကြာလာတော့ Attention ဆိုတာနဲ့

သူများ Attention ကို ဘယ်လိုယူရမလဲပဲ အရင်တွေးမိတော့တာ… ကိုယ်တိုင်ပေးနေရတဲ့ သူအနေနဲ့ မစဉ်းစားမိဘူး AI အကြောင်း ရှာဖတ်ရင်းနဲ့မှ ၂၀၁၇ မှာ Google က သိပ္ပံပညာရှင်တွေရေးခဲ့တဲ့

Research Paper တစ်ခုအကြောင်း ဖတ်ရတယ် AI ကို အကြီးအကျယ်တိုးတက်သွားစေတဲ့ Transformer Architecture ဆိုတာ အဲဒီကနေ ဖြစ်လာတာပဲ Research Paper ရဲ့ခေါင်းစဉ်က… 𝗔𝘁𝘁𝗲𝗻𝘁𝗶𝗼𝗻 𝗶𝘀 𝗔𝗹𝗹 𝗬𝗼𝘂 𝗡𝗲𝗲𝗱. တဲ့

ခေါင်းစဉ်မြင်ကာမှ F***, right. What about my attention? ဆိုပြီး လန့်နိုးတော့တယ် Facebook အလကားသုံးရဖို့ ကြော်ငြာကြည့်ပေးနေရတာ ခနထား ကြော်ငြာမှန်းသိတယ် ပြဿနာမရှိဘူး

Newsfeed မှာ လာပြသမျှတွေ တခြားပြင်ပအကြောင်းအရာတွေဆီမှာ သတိမထားမိဘဲ ကိုယ်တိုင် ပေါပေါလောလော ပေးနေမိတာ ကကော? ဒီနေရာမှာ Attention ပေးလိုက်တာက ဘာအရေးကြီးလဲ မေးစရာရှိတယ်

ပိုက်ဆံကုန်သွားတာမှမဟုတ်တာ… ဟုတ်တယ် ပိုက်ဆံမကုန်ဘူး, ဘဝကုန်သွားတာ Attention is finite. အကန့်အသတ်ရှိတယ် တစ်ခုတွေးနေချိန်မှာ နောက်တစ်ခုတွေးလို့မရဘူး အရေးမကြီးတာတွေကို Attention ပေးလိုက်ပြီး နောက်မှာ

အတွေး > ယုံကြည်ချက် > အဲဒီကနေ ဆုံးဖြတ်ချက်တွေအထိ ပြောင်းလဲသွားတယ် အဲဒီဆုံးဖြတ်ချက်တွေက ကိုယ့်ဘဝဖြစ်လာတယ် AI ရဲ့ Transformer Architecture မှာက စကားလုံးတွေကို တန်းတူ weight မပေးဘူး

အရေးကြီးတာကိုပဲ Attention ပေးတယ် လူတွေမှာကော အဲ့လို မလုပ်သင့်ဘူးလား? မျက်စိရှေ့ရောက်လာသမျှ အကုန်မြင်‌နေရမှာပဲ ဒါပေမယ့် အကုန်လုံးကို တန်းတူ Attention မပေးနဲ့ ကိုယ်နဲ့ဆိုင်လား အရေးကြီးလား ကိုယ်တိုင်ဆုံးဖြတ်

မဟုတ်ရင်… ပြင်ပကမ္ဘာက ဆုံးဖြတ်ပေးတဲ့ မင်းဒါကြည့် ဒါစဉ်းစားဆိုတာနောက်ကို လွယ်လွယ်ပါသွားလိမ့်မယ် ဒီလို စဉ်းစားမိသွားပြီးနောက်ပိုင်း Attention လို့ကြားရင် အရင်တွေးမိတာက…

Perhaps, Attention is All We Have.