YouTube ရဲ့ AI Auto-translate က Eminem သီချင်းကအစ မြန်မာလို အတိအကျ စာတန်းထိုးပေးနေပြီ။ သတင်းတွေ Podcast တွေဆို ပိုတောင်တိကျတယ်။ Language Arbitrage ခေတ် အဆုံးသတ်သွားတာ။ နိုင်ငံတကာက အချက်အလက်တွေကို ပြန်ကူးချရုံသက်သက် Middle-man Creator တွေရဲ့ တန်ဖိုးကျသွားပြီ။
Media နဲ့ပတ်သက်ရင် လူတွေလိုတဲ့အရာ ၂ ခုရှိတယ်။
𝗖𝗼𝗻𝘃𝗲𝗻𝗶𝗲𝗻𝗰𝗲
လူတွေက အင်တာနက်တစ်ခုလုံး လိုက်မဖတ်နိုင်ဘူး။ မြန်မာလိုပဲဖတ်ချင်တယ်။
ဒီတော့ မြန်မာလိုပြောပြီး သိသင့်တာတွေပဲ အဆင်သင့်စုပေးထားရင် အဲဒီ Creator ကို Follow လုပ်မယ်။ (ဒီအဆင့်မှာ AI ကြောင့် Language Barrier မရှိတော့တဲ့အတွက် စုစည်းပေးထားတယ်ဆိုတာပဲ ကျန်တော့မယ်။ အဲဒါကို ပိုကောင်းကောင်းလုပ်ရမယ်။)
𝗣𝗲𝗿𝘀𝗽𝗲𝗰𝘁𝗶𝘃𝗲
သတင်းတွေ၊ အကြောင်းအရာတွေသိပြီးပြီဆိုရင်တောင် တခြားသူတွေ ဘယ်လိုမြင်လဲဆိုပြီး လိုက်ရှာဖတ်ကြတာပဲ။ သူများတွေရဲ့ Perspective ကိုသိချင်ကြတာကိုး, အဲဒီတော့ ဘာဆက်ဖြစ်မှာလဲဆိုတဲ့ Conclusion ရှာကြတာ။
ဒီတော့ Creator တွေအနေနဲ့ တကယ်သိ၊ တကယ်အမြင်ရှိတယ်ဆိုတဲ့ ဘရန်းကိုတည်ဆောက်ထားနိုင်ပြီး Key Opinion Leader (KOL) အဆင့်ရှိနေပြီဆိုရင်တော့ လူတွေက အရင်ဆုံးကိုယ့်ကိုယ်ပဲ လာရှာကြဦးမှာပဲ။

