စာသင်တာဖြစ်ဖြစ် အကြံပေးတာဖြစ်ဖြစ် မေးခွန်းတွေကို အဖြေချည်းသက်သက်ပြန်ပေးနေတာက အဓိပ္ပါယ်မရှိဘူး။ အမှန်က… AI ခေတ်မှာ အပေါဆုံးက အဖြေ (Information) ဖြစ်နေပြီ။
အဲဒီအစား ဘယ်လိုတွေးခေါ်ရမလဲဆိုတဲ့ Foundation ကိုပါ ပြပေးလိုက်ရင် နောက်ထပ်ဘယ် Information ရှာရမလဲ၊ ဘယ်လိုအသုံးချရမလဲ အကုန်မြင်သွားပြီ။ တစ်သက်လုံး သုံးလို့ရသွားပြီ။
ပုံကတော့ Mentoring Session တစ်ခုက Feedback Mentoring တွေထပ်မလုပ်တော့ဘူးလို့ ပြောလိုက်ပေမယ့် ဒီတစ်ယောက်လိုချင်တာက Presentation Skill တဲ့ အဲ့အပိုင်း မပြောဖူးသေးတာနဲ့ လုပ်ပေးလိုက်တယ်
Deadline ကပ်နေတဲ့ Project တွေ ဘေးချပြီး မဆိုင်တာတွေ ထိုင်လုပ်ရတာ ဝါသနာဖြစ်နေပြီ xD

